ဥယျောဇဉ်
အနန္တမေတ္တာရှင်များသို့
~~~~~~~~~~~~~~
လူလားမြောက်အောင် မွေးဖွားပေးခဲ့သည့်အပြင် ပညာရည်နို့သောက် စို့ခွင့်ရစေခဲ့သော
အနန္တကျေးဇူးရှင် ဖေဖေ၊ မေမေတို့ကို ကျေးဇူးတင်စွာဖြင့် ဦးထိပ်ထား လျက်
အဓိဌာန်ပြု ကတိသစ္စာ
~~~~~~~~~~~~~~
ကမ္ဘာတစ်လွှားကျော်ကြားခဲ့သောသမားဟူးရားကြီးများအား သက်သေထား၍
အကျွန်ုပ်သည် ဤအဓိဌာန်ပြု ကတိစ္စာကို ရွတ်ဆို သစ္စာပြုပါအံ့။
(၁) အကျွန်ုပ်သည် လူသားအားလုံးတို့၏ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာရေးကို
အကျွန်ုပ်၏ အေ၇းကဲ့သို့ယူဆပါအံ့။
(၂) အကျွန်ုပ်သည် ဆေးဝါးသိပ္ပံပညာကို သင်ကြားပေးခဲ့သောဆရာသမားများအား
မိဘသဖွယ် ကိုးကွယ်ပါအံ့။
(၃) အကျွန်ုပ်သည် ဆေးဝါးသိပ္ပံပညာရှင်များ၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းပြီး
အကျင့်စာရိတ္တပျက်ပြားမှုမှ ရှောင်ကြဉ်ပါအံ့။
(၄) အကျွန်ုပ်သည် ဘေးအန္တရာယ်ကင်းရှင်း၍ အစွမ်းအာနိသင်ထက်မြက်သော
စံချိန်စံညွှန်းမီ ဆေးဝါးများကိုသာ ဖော်စပ် ထုတ်လုပ် ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း ပြုပါအံ့။
(၅) အကျွန်ုပ်သည် လူသားတို့အား ဘေးဥပဒ်ဖြစ်စေမည့် ဆေးဝါးများ၊
သေစေ တတ်သည့်ဆေးဝါးများကို ကိုယ်တိုင်ပေးခြင်းမှလည်းကောင်း၊
သူတစ်ပါးအားလည်း ပေးစေခြင်းမှလည်းကောင်း အခါခပ်သိမ်း ရှောင်ကြဉ်ပါအံ့။
(၆) အကျွန်ုပ်သည် တရားမ၀င်သော ဆေးဝါးများ ဖော်စပ်ထုတ်လုပ်ခြင်း၊
ဖြန့်ဖြူးရောင်းချခြင်းမှ အမြဲတစေ ရှောင်ကြဉ်ပါအံ့။
(၇) အကျွန်ုပ်သည် အများပြည်သူတို့နှင့် ဂိလာနပုဂ္ဂိုလ်များအား ဆေးဝါး
ဖြန့်ဖြူးရောင်းချစဉ် ကြားသိရသည့် အတွင်းရေး ကိစ္စအ၀၀ကို ဖွင့်ဆိုအပ်သည်
တို့မှလွဲ၍ မည်သည့်အခါတွင်မဆို ဖွင့်ဟခြင်းမှ ရှောင်ကြည်ပါအံ့။
ယခုကတိသစ္စာပြုသည့်အတိုင်းဆောင်ရွက်ပါသော် အကျွန်ုပ်သည် ကောင်းကျိုး
မင်္ဂလာ အဖြာဖြာနှင့် ပြည့်စုံပါစေ။
ဆေးဝါးတက္ကသိုလ်မှ ဆရာ၊ ဆရာမများအားဦးခိုက်လျက်
နှင်းနုလွင် (ဆေးဝါး)
.
If we are to make progress, we must not repeat history but make a new one.
-Mahatma Gandhi-
0 views
4 comments
  1. အောင်ပိုင် says:
    သေသေသပ်သပ်စနစ်တကျလုပ်တတ်တယ်နော် တော်တယ်သူငယ်ချင်းကး)
  2. Ko Ki says:
    တော်တယ်အေ့ တကယ်..။
  3. ရှင်းသန့် says:
    ဘ၀ခရီးလမ်းတစ်လျှောက် မှတ်တိုင်များစွာထဲက အများအတွက်ဆိုတဲ့
    ပရဟိတမှတ်တိုင်ဟာ ပိုပြီး တန်ဖိုးရှိပါလိမ့်မယ် ထင်တယ်ကွာ။
    အကိုတို့တွေ အဲဒီလိုမှတ်တိုင်တွေ စိုက်ထူနိုင်ဖို့ ကြိုးစားကြရဦးမယ်။
    လာလည်ရင်း ၀မ်းသာရင်း ပျော်ရွှင်ရင်း ကြည်နူးရင်း………….. ပေါ့။
  4. လွင်ထက်အောင် says:
    အစိမ်းရောင် ဒီဇိုင်းလေးကော ရေးထားတာကောကြိုက်မိပါတယ်။
    စကားများများမပြောတတ်လို့ဒီလောက်ပါပဲ။
Leave a Reply
Your email address will not be published.
You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong> <p>
Spam protection by WP Captcha-Free
This site is protected with Urban Giraffe's plugin 'HTML Purified' and Edward Z. Yang's Powered by HTML Purifier. 4090 items have been purified.
Extension Factory Builder