«

»

Jun 06

Print this Post

တခုခုဆိုရင် ညီမလေး မသိဘူး

မြစ်တစ်စင်းရဲ့ ဟိုတစ်ဘက်ကမ်း

ကြူကြူမွှေးတဲ့ ပန်းရနံ့

ကြည်လင်အေးမြတဲ့ စမ်းကလေး

အချစ်နဲ့နွေးမြရာ ရပ်ဝန်းအကြောင်း

တစေ့တစောင်းလေးတောင် ညီမလေး မသိဘူး။

ကြင်နာခြင်းဆိုတာ

ပြုံးပြ

ရယ်ပြ

သောင်ပြင်က ဖြူလွလွသဲတွေလိုများပြား

ချစ်ပါတယ်

ကြိုက်ပါတယ်ဆိုတဲ့ အသည်းအေးစကား

မုသားလို့ မှတ်ထင်ထားမိ

ချစ်တတ်တဲ့သူတွေရဲ့ ခံစားချက်အစစ်အမှန်

ညီမလေး မသိဘူး။

 

ဒီလိုနေ

ဒီလိုစား

ညီမလေးလက်ကိုင်ထားတဲ့ ပုံစံခွက်လေးရှိတယ်

ဒီလိုလုပ်လို့

ဒီလိုသွား

အမြဲမမှားတဲ့ ပေတံလေးလည်းရှိတယ်။

ငိုတတ်တာက ၀မ်းနည်းလို့

ပျော်ရင်တော့ ရယ်

ဟုတ်တယ်…………

အချစ်အကြောင်း တခုခုကို

ဟုတ်တိ ပတ်တိ

ညီမလေး

သိကို မသိဘူး။

 

နှင်းနုလွင်

04၊ 06၊ 2011


1,750 views

Permanent link to this article: http://hninnulwin.com/archives/1581

5 comments

Skip to comment form

  1. narzi

    အချစ်နဲ့နွေးမြရာ ရပ်ဝန်းအကြောင်း တစေ့တစောင်းလေးတောင် မသိဘူး။ ( :

  2. မြစ်ကျိုးအင်း

    အချစ်အကြောင်းတွေ ညီမလေးကိုလည်း မသိစေချင်သေးဘူး။

  3. ခိုင်ဇင်

    အချစ်အကြောင်း….မသိတာပဲခပ်ကောင်းကောင်း

  4. မောင်စိုးလေး

    မင်္ဂလာပါ ခင်ဗျာ ကျွန်တော်ကတော့လားရှိုးကပါ ဒီဆိုဒ်လေးထဲ မှာ
    ကဗျာတွေကို ကျွန်တော်အရမ်းကြိုက်မိပါတယ် ဒီထက်မကရေးနိုင်ပါစေနော်
    ဖြစ်နိုင်ရင် ကျွန်တော့ကို ကဗျာ လေးတွေလက်ဆောင်ပေးပါလားခင်ဗျာ
    ကျွန်တော့ရဲ့ ကိုယ်မပိုင် ဆိုဒ်လေးမှာ တင်ချင်လို့ပါ ခင်မင်မှုကို
    အသိမှတ်ပြုပေးပါလို. တောင်းဆိုပါရစေ ခင်ဗျာ ကျွန်တော့်ဆိုဒ်လေးကိုလည်း
    လာလည်စေချင်ပါတယ် ဖိတ်ခေါ်ပါတယ် Email:kokolashio@gmail.com
    site::www.internetmyotaw.wall.fm

  5. ဝန်ဇင်းမင်းရာဇာ

    Thanks Hnin Nu Lwin. I remember my life as student at RIT. Then we
    also have ကံကော် in RIT near block 1 & 2 and our hostel
    E-block. please visit our blog also. ကုလားမင်းသား စရကား။
    http://wunzinminraja.blogspot.sg/

Leave a Reply

Your email address will not be published. Required fields are marked *


5 × = forty five

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong> <p>

This site is protected with Urban Giraffe's plugin 'HTML Purified' and Edward Z. Yang's Powered by HTML Purifier. 6951 items have been purified.

testshow current page