ပေါက်ပင် ဗျိုင်းနား
ကိုင်းဖျားတွေ လှုပ်ခတ်
ကယောက်ကယက်အတွေးတွေ ကြီးစိုးတဲ့ ကာလ
အိပ်မပျော်ဘူး
အထူးအဆန်း ကိစ္စမဟုတ်လည်း
အိပ်ရာထဲမယ် တလူးလူး တလှိမ့်လှိမ့်နဲ့
အထွင်ရ အထုတ်ရခက်တဲ့
ညရေးညတာ
လက်နဲ့ စမ်းမိလေသမျှ
လှိုင်းလုံးနဲ့ မကင်းဘူး
မကြာခဏဆိုသလို
တံခါးတစ်ချပ်ကို
လှပ်ကြည့်တယ်။
အတိတ်ကို ပြောင်းပြန်လှန်စီးရတာ
ခံတွင်းမတွေ့လှဘူး။
တံတိုင်းအဆင့်ဆင့် ခြံတဲ့ပန်း
ဘယ်သူ လှမ်းသင့်၊
မလှမ်းသင့်
ငတင့် ကိုယ်တိုင်…. မခွဲခြမ်းတတ်ဘူး။
နှင်းနုလွင်
27.02.2012
87 views

2 comments
မိုးကေခမ်း says:
February 28, 2012 at 2:52 pm (UTC 0)
ကွန်မင့်ပေးခဲ့မယ် ဆိုပြီး ဖတ်ကြည့်ပြန်တော့လည်း ပြောစရာစကားက
ရှာမရပြန်ဘူး။ ဟုတ်တယ်.. တခါတလေမှာ ဝေဝေဝါးဝါးလေးတွေက ပိုပြီး
စူးစူးရဲရဲ တောက်ပတယ်။
ထော်ဦး says:
February 29, 2012 at 6:32 am (UTC 0)
အစ်မနှင်းရေ… ငတင့်တွေးသလိုပဲ တစ်ခါတလေ တွေးကြည့်မိတော့ ကြက်ဥ နဲ့ 
ကြက်မ ဘယ်ဒင်းက အရင်စတာလဲဟင်းလို့  တွေးမိရင်း… ထော်ဦး