«

»

Aug 01

Print this Post

ဖြည့်စွက်ပြောချင်တဲ့ အစိတ်အပိုင်းကတော့

တကယ်တော့

မအားမလပ်ဆိုတာဟာ

လူရှေ့သူရှေ့ ဟန်ပန်တကျ ကောက်တတ်လိုက်လို့ရတဲ့

နေကာမျက်မှန်တလက်လိုလည်း ချွေးစားမသက်သာပါဘူး

ဥာဏ်စွမ်းထက်မြက်စေတဲ့ အားဆေးတခွက်မဟုတ်မှန်း

အားလုံးနဲ့ ဖစ်တင်းကျမယ့် ရှန်သားချည်ကလေးမဟုတ်မှန်း

လူအားလုံး နှစ်ခြိုက်လက်ခံကြတဲ့ ဖက်ရှင်ဆန်းမဟုတ်မှန်း

ကိုယ်ခရေဇီဖြစ်လွန်းလို့ ဝယ်ထားတဲ့ Brand တခုမဟုတ်မှန်း သိပ်သိတာပေါ့

 

စိတ်လိုလက်ရ ဝတ်လိုက်တဲ့အခါတိုင်း အဆင်ပြေသွားတတ်တဲ့ ဂျင်းပန်လေးလိုပဲဖြစ်ဖြစ်

ကိုယ့်စိတ်ကလေးကို ဖွပ်လိုက်တဲ့အခါတိုင်း ဖြူဖွေးသွားစေဖို့ပဲဖြစ်ဖြစ်

တနည်းမဟုတ်

တစုံတရာကို မေ့ပျောက်ဖို့သာသာလောက်ပဲဖြစ်ဖြစ်

မဟုတ်ရင်လည်း

ကိုယ့်တိုင်ကိုယ်ကျ တည်ခင်းပေးချင်တဲ့

ဖွယ်ဖွယ်ရာရာ ညစာလေးလို

အကြောက်ကင်းစေတဲ့ လက်ဖွဲ့အဆောင်ကလေးလို

အဖြိုအဖျက်ကို တားဆီးပေးမယ့် ယတြာကလေးလို

ကိုယ်သုံးနေကြ အစိမ်းရောင် တမျိုးမဟုတ် တမျိုးလို

မအားမလပ်ခြင်း နဲ့ ကိုယ်

သိပ်ကို သင့်တော်လွန်းနေတယ်

ဘယ်သူ…နားလည်ပေးနိုင်မလဲ။

 

နှင်းနုလွင်

၂၀၊ ၀၈၊ ၂၀၁၂


62 views

Permanent link to this article: http://hninnulwin.com/archives/2370

Leave a Reply

Your email address will not be published. Required fields are marked *


five + = 9

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong> <p>

This site is protected with Urban Giraffe's plugin 'HTML Purified' and Edward Z. Yang's Powered by HTML Purifier. 6991 items have been purified.

testshow current page