လူချင်းလည်း မတူ မူချင်းလည်း မမျှ ချိန်ခွင်လျှာ ဟိုမှ…… …..သည်မှ…. ညီမျှအောင်ထိန်းရင်းနဲ့ အကွာအဝေးမတူတဲ့ ခရီးမှာ အစုန် အဆန်သဘောတရားတော့ ခဏမေ့ထားရတယ် မဟုတ်လား ခရီးဖော်။ ခပ်ဝေးဝေးပြေးချင်တဲ့ မြှားမှာ လေးကြိုးကိုသာ ခပ်တင်းတင်း တင်ထားရ တရုတ်စကားပုံကတော့ ဒီလိုဆိုထားရဲ့ သိုပေမယ့် တို့တတွေ ပစ်ချင်တဲ့ မြှားက အသွေးအသားနဲ့ ပေါင်းစပ်ထား တို့ရည်ရွယ်ရာက နှလုံးသားအလယ် တည့်တည့် ဆိုတော့ ခံယူမှု အတိမ်းအစောင်းအလိုက် လမ်းကြောင်းတွေ ကွေ့ကောက်သွား အဲ့ဒီနောက်ကို ခံယူမှုတွေ ပါသွားတော့ တို့ခန္ဓာမှာလည်း မစားတဲ့ အဆိပ်တွေ စူးခဲ့ရ လောက်လောက်လားလား မျက်နှာတွေမှာလည်း အနှစ်သာရတွေ ကင်းမဲ့လို့ ကိုယ်မြင်းသာ ကိုယ်စိုင်းကြပါစို့ရယ် ဒီလိုလည်း အားတင်းထားတယ် ခရီးဖော်။ လာစင်တဲ့ လရောင်က ဖိတ်တ၀က်စင်တစ်ဝက်နဲ့ …
Category Archive: ကဗျာရှည်
Sep
24

Recent Comments