ရေးထိုးခဲ့တာတွေလည်း သူ့သတိတရတွေနဲ့ရယ်ပဲ ဘယ်လိုပဲ ဖြေဖြေ ရင်ထဲမှာတော့ ပြေသာတယ်ရယ်လို့ မရှိပါဘူး။ စိတ်ပြေလက်ပျောက် အင်လျားက ဖြတ်ပျံသွားတဲ့ငှက်ကလေးလည်း သူ့ကြီးစိုးခြင်းများနဲ့ အိတ်ကပ်ထဲက ဓါတ်ပုံလေး အရောင်အသွေး မနေ့က အတိုင်းလို့အထင်ရှိ မနက်မနက်ဆိုရင် လာနေကြလမ်းလေးကလည်း မျက်နှာမကောင်းဘူး အစာကျွေးနေကြ ခိုကလေးတွေလည်း စီစီညံ လိုင်းကားသမားကတော့ တစ်ယောက်တည်းလားလို့ မေးဆဲ မတွေးတော့ပါဘူး…၊ မရေးဘူး၊ မရေးဘူးရယ်လို့ စိတ်ကို ထိန်းတဲ့ကြားကပဲ ဒီကဗျာတွေကိုက သတိလက်လွတ်ဖြစ်သွားတယ်။ နှင်းနုလွင် 30.09.2011 35 views PDF အဖြစ် ဒေါင်းလုဒ်ဆွဲမယ်
Category Archive: ကလေးသုတ
Sep
30
Aug
05
“ကလေးငယ်တွေ အစာစားတတ်ပါစေ”
“ကျွန်မရဲ့ ကလေးကလေ….နို့ပဲတိုက်လို့ရတယ်၊ တခြားဘာမှ ကျွေးလို့မရဘူး။” “ကျွန်မသားလည်း ဒီအတိုင်းပဲ…..အစာကျွေးရင် ပြန်အန်ထုတ်ပစ်တယ်။” “ကျွန်မရဲ့သမီးကလေ အသီးအရွက်တွေလုံးဝမစားဘူး….ဘယ်လိုလုပ်ပေးရမလဲမသိဘူး” မိခင်တိုင်းလိုလိုဆီက ဒီလိုစကားမျိုးက ကြားနေရပါတယ်။ အထူးသဖြင့် သားဦး၊ သမီးဦးဆိုရင် ပိုကြားရတတ်ပါတယ်။ မိဘတိုင်းလိုလိုဟာ ကလေးတွေ အစားအသောက် မစားမှာကို စိုးရိမ်တတ်ကြပါတယ်။ အစားအသောက်မစားလို့ ပုံမှန်မကြီးထွားမှာ၊ ဥာဏ်ရည်မထက်မြက်မှာကို ပူပန်တတ်ကြပါတယ်။ တခြားကလေးတွေ အစားစားနေတဲ့အချိန်မှာ မိမိကလေးကိုလည်း အစားကျွေးချင်နေပါပြီ။ အစာစားဖို့ငြင်းနေတဲ့ ကလေးကိုလည်း အားမလိုအားမရဖြစ်နေတတ်ပါတယ်။ အစားအသောက် တစ်မျိုး ကျွေးလို့ ပြန်အန်ထုတ်လိုက်ရင် နောက်တစ်ခါ ထပ်ကျွေးဖို့ ဝန်လေးနေပါတယ်။ အမှန်တကယ်တော့ အသက်(၆)လ မပြည့်သေးတဲ့ ကလေးတွေကို မဖြစ်မနေအခြေအနေကလွဲရင် အပြင်စာတွေ မကျွေးသင့်သေးပါဘူး။ (၆)လ မပြည့်သေးတဲ့ ကလေးတွေဟာ တခြားအစားအသောက်တွေကို ကောင်းကောင်း မချေဖျက်နိုင်သေးပါဘူး။ အဲဒီအစားအသောက်တွေနဲ့ ဓါတ်မတည့်မှုများလည်း ဖြစ်နိုင်တဲ့အတွက် …
Feb
01
''စကားကြွယ်တဲ့ကလေးတွေ''
ကလေးတွေဟာ သူတို့မိခင်ဘာသာစကားကိုမပြောဆိုနိုင်ခင်ကတည်းက ဗလုံးဗထွေးနဲ့ ဝူးဝူးဝါးဝါးပြောဆိုနေတတ်ပါပြီ။ ဒီအရွယ်မှာ ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ကလေးတွေရဲ့ စကားသံတွေဟာ တူညီကြပါတယ်။ ယေဘူယျအားဖြင့်တော့ ဦးနှောက်ဖွံ့ဖြိုးမှုမြန်တဲ့ အသက် ၃ နှစ်အတွင်းမှာ ကလေးတွေဟာ စကားသံတွေကိုစတင်သင်ယူတယ်လို့ ဆိုကြပါတယ်။ အဲဒီအချိန်မှာ ကလေးတွေရဲ့ စကား သံဖွံ့ဖြိုး မှုဟာ သူတို့ပြောတဲ့ စကားပေါ်မှာ မူတည်နေပါတယ်။ ကလေးတွေပထမဆုံးပြောတဲ့ စကားဆိုတာဟာ သူတို့နှုတ်ကနေ ထွက်ပေါ်လာတဲ့ စကားကို ပြောတာမဟုတ်ပါဘူး။ သူတို့ကိုမွေးဖွားပြီး အချိန်ပိုင်းအတွင်းမှာ ကိုယ်ဟန်အမူအရာနဲ့ပြောတဲ့ ကလေးတွေရဲ့စကားသံဟာ ထွက်ပေါ် လာတတ်ပါတယ်။ သူတို့ခံစားရတဲ့ကြောက်ရွံ့မှု၊ ဆာလောင်မှု၊ အလိုမကျမှု၊ တစ်ခုခုကို လိုချင်မှုတို့လိုမျိုး စိတ်ခံစားမှုတွေကနေ ပြုံးတတ်ခြင်း၊ မျက်နှာရှုံ့မဲ့ခြင်း၊ ငိုခြင်း၊ တွန့်လိမ်ပြခြင်းတို့ကို ပြုလုပ်တတ်ပါတယ်။ မိဘတွေကတော့ သူတို့ကလေးတွေရဲ့ ငိုသံအမျိုးမျိုးကို သရုပ်ခွဲနိုင်ပါလိမ့်မယ်။ ကလေးတစ်ယောက်နဲ့ တစ်ယောက်ဟာ စကားပြောဖွံ့ဖြိုးမှုနေရာမှာ ကွာခြားမှုတွေရှိနေပေမယ့် …

Recent Comments