ပင်လယ်သူရဲ့ ကမ်းခြေသွားခရီးလို့ ပြောရမလားပဲ။ ဧရာဝတီတိုင်းသူဆိုပေမယ့် ကမ်းခြေဆိုရင် ဘယ်ကမ်းခြေကိုမှ မရောက်ဖူးဘူး။ ငယ်ငယ်တုန်းက တခြားသူတွေ သွားရင် နှင်းက အမြဲ ကျန်ခဲ့ရတယ်။ ကျောင်းစာဖြေနေရလို့ရယ်၊ နောက်ပြီးတော့ ခဏခဏ နေမကောင်းဖြစ်တာရယ်နဲ့ပဲ တစ်ခါမှ မသွားရတယ်။ နောက် တက္ကသိုလ် တက်တော့လည်း မသွားရဘူး။ ဒါနဲ့ပဲ ကမ်းခြေနဲ့ နီးနီးလေးမှာနေတယ်ဆိုပေမယ့် ဘယ်နေရာကိုမှ မရောက်ဖြစ်ခဲ့ဘူး။ ပြီးခဲ့တဲ့ ဒီဇင်ဘာ လဆန်းပိုင်းကတော့ ရုံးကနေ Annual Trip အနေနဲ့ ငွေဆောင်ကို ပို့ပေးမယ်တဲ့။ အိမ်ကိုခွင့်တောင်း တော့လည်း Pass ရတယ်ဆိုတော့ နှင်းလည်း လိုက်မယ်ပေါ့။ အိမ်ကိုတော့ တည်းမယ့်နေရာကအစ Data အစုံပေးခဲ့ရတယ်။ ၁.၁၂.၂၁၀၀ မနက်ကျတော့ ရန်ကုန်ကနေ မနက် ၆ နာရီ လောက်ထွက်ပြီး ၈ နာရီလောက်ကျတော့ ညောင်တုန်းကို ရောက်တယ်။ အဲဒီမှာ …
Category Archive: ခရီးသွား
Dec
23


Recent Comments