ညီမလေးဖတ်ဖို့ ဆေးဝါးဆိုတာ (၁ဝ) ဆေးဝါးနှင့် အစာအိမ် ညီမလေးရေ မမတို့တတွေ ဆေးသောက်တော့မယ်ဆိုရင် လူကြီးတွေက အစာရှိမှ သောက်ရမယ်လို့ပြောတယ်နော်။ အစာမရှိဘဲ ဆေးသောက်ရင် အစာအိမ်ကို ထိခိုက်လိမ့်မယ်။ အစာနဲ့တွဲသောက်ကြလို့ပြောတတ်တယ်မဟုတ်လား။ လူကြီးတွေ စိုးရိမ်ကြသလိုမျိုး ဆေးတိုင်းဟာ အစာရှိမှ သောက်ရမယ် ဆိုတာမျိုး မဟုတ်ပေမယ့် တချို့တွေကတော့ အစာအိမ်ကို သိသိသာသာကြီးထိခိုက်နိုင်လို့ အစာနဲ့ တွဲသောက်ဖို့လိုအပ်တာမျိုးတော့ ရှိတယ် ညီမလေးရဲ့။ မမတို့ သောက်လိုက်တဲ့ ဆေးတွေဟာ အစာအိမ်နဲ့ အူလမ်းကြောင်းတစ်လျှောက်မှာ သက်ရောက်မှုတွေ အမျိုးမျိုးပေး ကြတယ်။ သူတို့ကြောင့်ဖြစ်လာတဲ့ တချို့ဆိုးကျိုးတွေဟာ ခဏတဖြုတ်သာ ကြာတတ်တာမျိုးဖြစ်ပြီး တချို့ကတော့ သိသိသာသာကို အန္တရာယ်ဖြစ်စေတယ်။ အစာအိမ်ကိုရောင်ရမ်းစေတယ်။ အစာအိမ်သွေးကြောပေါက်ပြီး သေစေ လောက်တဲ့အထိ ဝေဒနာတွေက ဆိုးရွားပြင်းထန်နေတတ်တယ်။ အဲဒီအထဲမှာ လူသိအများဆုံးနဲ့ အန္တရာယ်အများဆုံးကတော့ …
Category Archive: ညီမလေးဖတ်ဖို့ ဆေးဝါးဆိုတာ
May
01
Feb
18
ဆေးဝါးနှင့် ဆယ်ကျော်သက်
ညီမလေးဖတ်ဖို့ ဆေးဝါးဆိုတာ (၉) ဆေးဝါးနှင့် ဆယ်ကျော်သက် ညီမလေးရေ လူတစ်ယောက်ဟာ မလိုလားအပ်ဘဲနဲ့ဆေးတွေသုံးရင် ဆေးတွေယဉ်လာတယ်။ ဒီထက်နည်းနည်းဆိုးလာရင် ခန္ဓာကိုယ်မှာရှိတဲ့ဆဲလ်တွေကနေ ဆေးတွေကိုလိုလားလာမယ်။ စွဲလာမယ်ပေါ့။ တကယ်လိုအပ်တဲ့အချိန်ကျရင်တူညီတဲ့ အာနိသင်ရဖို့တောင် ပမာဏအများကြီး သုံးစွဲရတော့မယ်။ အဲဒီကနေ ဆေးတွေရဲ့သက်ရောက်မှုဟာ အဲဒီလူရဲ့ စိတ်ပိုင်း ဆိုင်ရာအနေအထားတွေ၊ ဘဝရှင်သန်မှုတွေကိုပါ ထိခိုက်မှုရှိလာတော့ ဆေးတွေကို စနစ်တကျသုံးစွဲတတ်ဖို့က အဓိကကျလာတာပေါ့။ အဲဒါကြောင့် ဆေးတွေသုံးစွဲတဲ့အခါမှာ သတိထားဖို့ မမပြောခဲ့ဖူးတာပေါ့။ ဒီတခါတော့ မမက လူငယ် တွေကြားထဲမှာ ဆေးတွေကို လွဲမှားသုံးစွဲနေကြတဲ့ အကြောင်းလေးတွေကို ပြောပြချင်တယ်ညီမလေး။ ”ဆယ်ကျော် သက်နှင့် ဆေးဝါးများ” ပေါ့ညီမလေးရယ်။ မမတို့အားလုံးက အသက်ကြီးတဲ့ အဖိုးအဖွားတွေ၊ လူမမယ်ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်သည်မိခင်တွေ မှာ ဆေးတွေကို ဘယ်လိုသုံးသင့်တယ်၊ ဘာတွေကိုသတိထားရမယ်ဆိုတာကို အလေးအနက်ထားတတ်ကြတယ်။ ဆယ်ကျော်သက်အရွယ်တွေမှာကျတော့ စောစောက …
Dec
15
ဆေးလိပ်နဲ့ ဆေးဝါး
ညီမလေးဖတ်ဖို့ ဆေးဝါးဆိုတာ (၈) ဆေးလိပ်နှင့် ဆေးဝါးများ ညီမလေးရေ ”ဆေးတံတိုတညိုလောက် ရော့သောက်တော့ပေး…”၊ ”မဝယ်ဘူး၊ မယ်ခူးတဲ့ဖက်စို…” ဆိုပြီး နှစ်သက် ကြည်နူးဖို့ကောင်းတဲ့ ကဗျာလေးတွေကို မမတို့တွေရွတ်ဆိုဖူးကြတယ်နော်။ ဆရာမတွေရှေ့မှာ လက်ကလေးပိုက်ပြီး ကဗျာတွေကို အလွတ်ပြန်ရွတ်ပြကြတာကို မမခုထိ မှတ်မိနေသေးတယ်။ အဲဒီကဗျာလေးတွေကို ပြန်သတိရမိတော့ ညီမလေးကို ဆေးလိပ်အကြောင်းကို ပြောပြချင်လာတယ်။ တစ်တောင်လောက်ရှိတဲ့ ပြောင်းဖူးဖက်ဆေးလိပ်ကြီးတွေကို မမတို့အဖိုး၊ အဖွားတွေ သောက်တာ တွေ့ဖူးကြတယ်နော်။ အခုနောက်ပိုင်းကျတော့ အဲဒီလောက်ကြီးတဲ့ ဆေးလိပ်ကြီး တွေကို မသောက်ကြတော့ပေမယ့် ဆေးလိပ်သောက်တဲ့သူအရေအတွက်က သိသိသာသာကြီး လျော့မသွားသေးဘူး ဆိုတာကိုတော့ ညီမလေးလည်း သတိထားမိမှာပေါ့။ `~ ဈေးဆိုင်တန်းတွေ၊ ဆိုက်ကားဂိတ်၊ ကားဂိတ်တွေ၊ လဘက်ရည်ဆိုင်တွေမှာဆိုရင် ဆေးလိပ်ငွေ့တွေ ပျံ့နှုံ့နေတာပဲ။ အရက်သောက်တဲ့သူထက် ဆေးလိပ်သောက်တဲ့သူက ပိုများတယ် ညီမလေး။ …



Recent Comments