Category Archive: ပုံပြင်ပြောတတ်တဲ့ ကဝေ

Apr
05

မျောက်နှင့် ကျောက်တုံးများ

ဟိုအရင်တုန်းက လူတွေနဲ့ အလှမ်းဝေးကွာလှတဲ့ ကျွန်းကြီးတစ်ကျွန်းမှာ မွန်တီ လို့ ခေါ်တဲ့ မျောက်ကြီးတစ်ကောက်ရှိတယ်တဲ့။ သူ့ကို အမှီပြုပြီး နေထိုင်ကြ တဲ့ မျောက်တွေကလည်း အများကြီး ရှိတယ်တဲ့။ သူတို့နေထိုင်တဲ့ ကျွန်းဟာ လူသူကင်းတဲ့အပြင် အစားအသောက်တွေ ကလည်း ပေါများတာကြောင့် မျောက်တွေ ဟာ လွတ်လပ်အေးချမ်းစွာနဲ့ နေထိုင်ကြရတယ်။ ရာသီအလိုက် ဖူးပွင့်ဝေဆာနေတဲ့ အသီးအနှံတွေကို စားသောက်ရင်းနဲ့ ကျန်းကျန်း မာမာ နေထိုင်ကြတယ်တဲ့။ အဲဒီလိုနေရင်းနဲ့ တနေ့မှာ မွန်တီဟာ ပင်လယ်ထဲကနေ အသံတစ်သံကို သတိပြုလိုက်မိတယ်။ ပင်လယ်ထဲကနေ ပုံမှန်လှိုင်းရိုက်သံမဟုတ်တဲ့ အသံကို ကြားလိုက်တာနဲ့ မွန်တီဟာ သူ့ရဲ့ မျောက်တွေကို ခေါ်လိုက်ပြီးတော့ အဲ့ဒီအကြောင်းကို ပြောပြလိုက်တယ်။ ပျိုပျိုအိုအို မျောက်မှန်သမျှဟာ ဒီကိစ္စကို တိုင်ပင်ဆွေးနွေးကြပေမယ့် တိကျတဲ့အဖြေကို ရှာလို့မရဘူး။ ဒါနဲ့မွန်တီတို့ဟာ …

Continue reading »

Jun
29

* ကြည့်ကျက်လုပ် *

တစ်ခါတုန်းက ဧရာဝတီမြစ်ကြီးဘေးမှာ သစ်စိမ့်ဆိုတဲ့ရွာတစ်ရွာရှိတယ်တဲ့။ အဲဒီရွာဟာ ခရီးလမ်းဆက်သွယ်ရေးကောင်းမွန်တဲ့အပြင် ရာသီဥတုကလည်း အပူအအေး မျှတတဲ့ ရပ်ဝန်းမှာရှိတော့ ဒီရွာကို အမှီပြုပြီး နေထိုင်ကြတဲ့ လူဦးရေကလည်း များတယ်။ နောက်တော့ အနီးအနား ဟိုဟို ဒီဒီ ရွာက လူတွေကပါ လာရောက်နေကြတော့ ရွာက ရွာကြီးတစ်ရွာဖြစ်လာတယ်။ အဲဒီလို ရွာအနေအထား ကြီးလာတာနဲ့အမျှ စားနပ်ရိက္ခာတွေ အတွက်ပါ ထည့်သွင်းစဉ်းစားလာရတော့တယ်။ အရင်တုန်းကလိုမျိုး ကိုယ့်ရွာထွုတ်ကဲ့ ဆန်စပါးနဲ့ ကိုယ့်ရွာသူ၊ ရွာသားတွေ လောက်ငအောင် စားဖို့ဆိုတာက ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။ ဒီတော့ရွာထဲကလူငယ်တွေဟာ လယ်မြေနေရာတွကို ရှာဖွေဖို့ အုပ်စု နှစ်စုခွဲပြီး ဟိုးခပ်ဝေေးဝေးက တောတန်းတွေဆီကို ခရီးဦးတည်သွားကြသတဲ့။ သူတို့အဖွဲတွေ ရွာထဲက သစ်စိမ့်က ထွက်တယ် ဆိုရင်ပဲ ရွာထိပ်မှာ အသက် ရာကျော်ရှည်တဲ့ ဘကြီးတစ်ယောက်နဲ့တွေ့တယ်။ …

Continue reading »

May
25

ပျံသန်းကြည့်မယ်

သူငယ်ချင်းတို့ရေ ဒီတစ်ခါတော့ ကဝေဖတ်ဖူးတဲ့ အင်္ဂလိပ်ပုံပြင်တစ်ပုဒ်ကို ပြန်ပြောပြမယ်လေ။ အနီးစပ်ဆုံးတော့ မြန်မာမှုပြုထား ကြည့်တာပေါ့နော်။ တစ်ခါတုန်း ကုန်သည်ရွာကြီးတစ်ရွာမှာပေါ့။ ကုန်သည်ကြီး တစ်ယောက်ဟာ အသက်အရွယ်လေးရလာတဲ့အခါမှာ သူကိုယ်တိုင် ဦးစီးဦးရွက်ပြုပြီး ကုန်မရောင်းတော့ဘူးတဲ့။ ကုန်လှယ်တဲ့နေရာမှာ ကြုံတွေ့ရတတ်တဲ့ သဘော၊ သဘောဝ၊ ရေမြေဒေသအကြောင်းကို ပြောပြီး သားဖြစ်သူကိုသာ ကုန်ရောင်းကုန်ဝယ်လွှတ်သတဲ့။ သားဖြစ်သူဟာ အသက် ၂၀ အရွယ်မှာပဲ ရှိသေးပေမယ့် ထက်မြက်တဲ့သူ တစ်ယောက်တဲ့။ ယောက်ျားကောင်း ပီသတဲ့အပြင် လိမ္မာပါးနပ်မှုရှိတဲ့သားကြောင့် ကုန်ရောင်းကုန်ဝယ်ဟာ အမြဲတမ်းအဆင်ပြေသတဲ့။ ငယ်ရွယ်တဲ့သားဖြစ်သူဟာ အဲဒီလို အောင်မြင် မှုတွေ အပေါ်မှာ ကျေနပ်ပျော်ရွှင်နေတယ်။ သူဘာလုပ်လုပ် အောင်မြင်မယ်လို့ တွေးထားတာပေါ့။ တနေ့ကျတော့ သားဟာ သူ့ပစ္စည်းတွေကို တခြားရွာတွေကို သဘောင်္နဲ့ လှည့်လည် ရောင်းချရင်း လမ်းမှာ လေမုန်တိုင်းနဲ့တိုးသတဲ့။ သူ့ရောင်းဖို့ …

Continue reading »

« 1 2 3 »

Older posts «

This site is protected with Urban Giraffe's plugin 'HTML Purified' and Edward Z. Yang's Powered by HTML Purifier. 4090 items have been purified.

Extension Factory Builder