Category Archive: အမျိုးသမီးတို့ ကျန်းမာရေး

May
19

အရွယ်မတိုင်ခင် ဆံပင်ဖြူခြင်း

ငွေရောင်ဆံပင်၊ ရွှေအိုရောင်ဆံပင်၊ နက်မှောင်တောက်ပြောင်တဲ့ဆံပင် စသည်ဖြင့် အမျိုးမျိုးခေါ်ဆိုကြပေမယ့် အားလုံးဟာ တချိန်ချိန်မှာတော့ မီးခိုးရောင်ဆံပင်တွေကို ပိုင်ဆိုင်ရမှာပါပဲ။ တချို့တွေဟာ အသက်၂ဝ လောက်ကတည်းက ဆံပင်ဖြူကြပေမယ့် တချို့ကတော့ အသက် ၅ဝ ကျော်တဲ့တိုင်အောင် ဆံပင်ဖြူတဲ့ လက္ခဏာတွေကို မတွေရပြန်ပါဘူး။ တကယ်လို့ အစောကြီးဆံပင်ဖြူခဲ့မယ်ဆိုရင် ဘာလုပ်သင့်သလဲ။ သုတေသီပညာရှင်တွေကတော့ အရွယ်မတိုင်ခင် ဆံပင်ဖြူတာဟာ ကျန်းမာရေးနဲ့ဆက်စပ်နေတယ်လို့ ဆိုထားပြီး ဘယ်လိုမျိုးနေထိုင်သင့်တယ် ဆိုတာကိုပါ အကြံပေးထားကြ ပါတယ်။ ”ဆံပင်ဖြူတယ်ဆိုတာ…” ဆံပင်ကိုအရောင်လှစေတဲ့ရောင်ခြယ်ပစ္စည်းတွေထုတ်လုပ်မှုနည်းသွားတဲ့အခါမှာ ဆံပင်တွေဟာ မီးခိုးရောင်ပြောင်း သွားပါတယ်။ သဘာဝအတိုင်း တွေ့ရတဲ့ Hydrogen Peroxide ဓါတ်ငွေ့တွေဟာ ဆံပင်မှာလာစုတဲ့အခါမှာ ဆံပင် အရောင်တွေ ကျွတ်သွားပေးပါတယ်။ အာဆီယံနိုင်ငံတွေ ထဲကလူတွေဟာ အသက် ၃ဝ နောက်ပိုင်းမှာ ဆံပင်ဖြူ တတ်ပေမယ့် လူမည်းနိုင်ငံတွေမှာတော့ အသက် …

Continue reading »

Nov
30

မိခင်လောင်းများ စားသောက်သင့်သော အစားအစာ ၁ဝ မျိုး

(က) ဆယ်လ်မွန်ငါး သိပံ္ပပညာရှင်တွေကတော့ ဒီငါးထက်ပိုကောင်းတဲ့အစားအစာ မရှိဘူးလို့ဆိုကြပါတယ်။ ပထမဆုံးမိခင်ဖြစ်မယ့်သူတွေ အတွက် အာဟာရ ပြည့်ပြည့်ဝဝပါရှိပါတယ်။ သူဟာ နို့တိုက်မိခင်တွေအတွက် အကောင်းဆုံးအာဟာရတစ်ခုလည်း ဖြစ်ပါတယ်။ တခြားငါးတွေရဲ့ အဆီတွေ လိုပဲ သူ့မှာ DHA တွေ ကြွယ်ဝစွာပါရှိပါတယ်။ DHA ဟာ ကလေးငယ်ရဲ့ ဦးနှောက်နဲ့ အာရုံကြော ဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရတစ်ခုဖြစ်ပါတယ်။ မိခင်တိုင်းရဲ့ နို့ရည်ထဲမှာတော့ DHA ပါဝင်ပေမယ့် DHA ပါဝင်တဲ့ အစားအသောက်တွေကို စားထားတဲ့မိခင်တွေမှာတော့ ပါဝင်မှုက ပိုမြင့်ပါတယ်။ ငါးထဲမှာပါဝင်တဲ့ DHA ဟာ မိခင်ဖြစ်သူရဲ့ စိတ်ကို စိတ်ပိုင်းဆိုင်ရာကိုလည်း အားဖြည့်ပေးပါတယ်။ မီးဖွားပြီးတဲ့နောက် ဖြစ်တတ်တဲ့ စိတ်ဓါတ်ကျခြင်းကိုကောင်းစွာ ထိန်းချုပ်ပေးနိုင်ပါတယ်။ တစ်ခုသတိထားဖို့လိုတာကတော့ နို့တိုက်မိခင်တွေမှာတော့ စားသောက်မယ့် ပမာဏကို ကန့်သတ်ထားဖို့ပါ။ စားသုံးတာ …

Continue reading »

Nov
30

''ကျန်းမာသော ကိုယ်ဝန်ဆောင်မှုဖြစ်အောင်………''

၁။ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အစားအစာတွေကို စားသုံးပါ။ အသီးအရွက်တွေကို မိမိပုံမှန်စားသောက်နေကျ ပမာဏထက် ပိုစားပေးဖို့လိုအပ်ပါတယ်။ လတ်ဆတ်တဲ့ဟင်းသီး ဟင်းးရွက်များ၊ ပဲအမျိုးမျိုး၊ အမျှင်ဓါတ်ကြွယ်ဝတဲ့ အစားအစာတို့ကို ဦးစားပေးစားသင့်သလို ပရိုတင်းကိုလည်း ဖြည့်စွက်စား ပေးရပါမယ်။ ပြုပြင် ပြောင်းလဲထားတဲ့အစားအစာ၊ ဆီကြော်မုန့်၊ အမြန်စာ တို့ကို ရှောင်ဖို့လိုအပ်ပါတယ်။ ~   ၂။ ကိုယ်ဝန်မယူခင်၊ ကိုယ်ဝန်ဆောင်ချိန်တွေမှပါ ဖောလစ်အက်ဆစ်ကို ဖြည့်စွက်သောက်ပေးပါ။ ပဲတောင့်ရှည်၊ ပဲကြီး၊ ရွှေပဲသီး၊ ချဉ်၍အရည်ရွှမ်းတဲ့အသီးတွေ၊ အစိမ်းရောင်အရွက်မျိုးမျိုး၊ ပန်းဂေါ်ဖီစိမ်းတို့ကနေ ဗီတာမင် တစ်မျိုးဖြစ်တဲ့ ဖောလစ်အက်ဆစ်ကို ရနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်မယ့်အမျိုးသမီးတစ်ယောက်မှာ ဖောလစ် အက်ဆစ်သာ ချို့တဲ့ခဲ့ရင် မွေးလာတဲ့ကလေးမှာ အာခေါင်ကွဲခြင်း၊ နှုတ်ခမ်းကွဲခြင်း၊ ခါးရိုးဖုခြင်းတို့ကို ခံစားရတတ်ပါတယ်။ ကိုယ်ဝန်ဆောင် စဉ်ကာလမှာ ချို့တဲ့ခဲ့ရင်လည်း သန္ဓေသားဖွံ့ဖြိုးမှု၊ အချင်းဖွံ့ဖြိုးမှုတွေ နှောင့်နှေးလာတတ်ပါတယ်။ …

Continue reading »

« 1 2 »

Older posts «

This site is protected with Urban Giraffe's plugin 'HTML Purified' and Edward Z. Yang's Powered by HTML Purifier. 4090 items have been purified.

Extension Factory Builder