Category Archive: အတွေး

Jul
05

နေထိပန်းတို့ လန်းစေချင်

ကျွန်မ အခုထက်ထိ စာရေးတာ၊ ၀တ္တုရေးတဲ့ နေရာတွေမှာ ဆေးခန်းအကြောင်းကို ထည့်မသုံးပါဘူး။ ကျွန်မတို့ဆီကို အားကိုးတကြီး ရောက်လာတဲ့ လူနာတွေကို ကျွန်မရေးတဲ့ ၀တ္တုထဲက ဇာတ်လိုက်အနေနဲ့ ပုံစံ မသွင်းနိုင်ဘူး။ မသွင်းရက်ဘူး။ ဒါပေမယ်လည်း မနေ့ကလို ပုံစံမျိုးကို ကြုံတွေ့ရရင် ကျွန်မ မဟုတ်တဲ့ တခြားသူတစ်ယောက်ဆိုရင်လည်း ကိုယ်ခံစားလိုက်မိတဲ့အကြောင်းလေးကို ပြန်ပြီးတော့ ပြောပြဖြစ်မှာပဲ။   မနေ့က။ ကျွန်မနဲ့ အတူတူ ဆေးခန်းကို သွားနေကြ ညီမလေးက နယ်ကို ခဏပြန်သွားတော့ ကျွန်မတစ်ယောက်တည်းပဲ ရွှေပြည်သာကို သွားလိုက်တယ်။ ကျွန်မတိုက်အောက်ကို ရောက်တယ်ဆိုရုံပဲ ရှိသေးတယ် မိုးတွေက သည်းသည်းမည်းမည်းကို ရွာလာတော့တာပဲ။ အချိန်ကလည်း မနက် ၈ နာရီပဲ ရှိသေးတာကိုး။ ဆေးခန်းကို ရောက်သွားတော့ လူနာတွေ မရောက်သေးဘူး။ မိုးအေးတာကြောင့်လည်း …

Continue reading »

Jun
01

ချစ်မိတာကိုး

ဒီလိုခေါင်းစဉ်တပ်လိုက်တော့ ဒီကောင်မလေး ကိုယ့်စာကိုယ်မရေးဘဲ ဘာတွေလျှောက်ရေးတော့မလို့လဲလို့ ထင်ကြတော့မယ်။ ပေါက်တတ်ကရ မဟုတ်ပါဘူး။ အခုတလောမှာ ခံစားမိတဲ့အကြောင်းအရာတွေကို ချရေးချင်ရုံသက်သက်ပါ။ တစ်ယောက်တည်း စဉ်းစားရတာ များလွန်းလို့ ခေါင်းနောက် သွားပြီလို့များ ထင်နေကြပြီလားမသိဘူး။ “အချစ်ခံရတာဟာ မကောင်းဘူးဟ” လို့ သူငယ်ချင်းတွေကို ပြောတော့ သူတို့က နားမလည် နိုင်တဲ့ မျက်လုံးတွေနဲ့ ကြည့်ကြတယ်။ “ဘာတွေ ကြောင်ပြန်ပြီလဲဟာ” “စဉ်းစားစရာ တခြား ဘာမှ မရှိတော့လို့လားဟ” “လူတိုင်းက အချစ်ခံချင်တာပါ။ နင့်ကျမှ…….”ဆိုပြီးတော့ တစ်ယောက်တစ်ပေါက်စီ ၀ိုင်းပြီးတော့ ချီးကျူးထောပနာ ပြုကြတယ်။ `သိပ်တော့ မပြောတတ်ဘူးဟာ။ ဒါပေမယ့် အချစ်ခံရတာ အတော့်ကို အနေကျုံ့တယ်ဟ။´ ဒီတော့ ထုံးစံအတိုင်း ပူစီမ (ကြောင်လိုက်တာ) လို့ ထပ်ပြောကြပြန်ရော။ အမှန်တော့ ဒီလိုပြောလိုက်မိတာက ဟိုနေ့က ဖတ်လိုက်ရတဲ့ …

Continue reading »

This site is protected with Urban Giraffe's plugin 'HTML Purified' and Edward Z. Yang's Powered by HTML Purifier. 4090 items have been purified.

Extension Factory Builder