Category Archive: ဆေးဝါးသုတ

Dec
23

“တကယ်ကောင်းတဲ့ဆေးဖြစ်အောင်”

ဆေးတွေဟာ လူတွေကို ကျန်ကျန်းမာမာနဲ့အသက်ရှည်ရှည်နေနိုင်ဖို့ ကူညီပေးပါတယ်။ သူတို့ကြောင့် သက်တောင့်သက်သာနေနိုင်လာပါတယ်။ ဝေဒနာခံစားရမှုတွေလျော့နည်းလာပါတယ်။ ကျွန်မတို့တွေက ဆေးတွေဆီက ကောင်းတဲ့အာနိသင်ကိုသာ အလိုရှိပေမယ့် သူတို့ကြောင့် ပြဿနာတွေပြန်ဖြစ်နိုင်တယ်ဆိုတာကိုလည်း မေ့ထားလို့ မရပါဘူး။ ဆေးတွေကို ခန္ဓာကိုယ်ကနေ တုံ့ပြန်မှုပေးရာကနေ ဆက်စပ်ပြီးဖြစ်ပေါ်လာတဲ့တချို့ ပြဿနာတွေဟာ မထူးဆန်းပေမယ့် လူတစ်ယောက်နဲ့တစ်ယောက်ခံရပုံချင်းမတူကြပါဘူး။ အချိန်ခဏိုင်းမျှသာံစားရပြီး ပြန်သက်သာ သွားတာမျိုးရှိသလို ဆေးရုံဆေးခန်းကို အချိန်မီသွားရောက်ဖို့လိုတဲ့အထိ ပြင်းထန်တာမျိုးကိုလည်း ကြုံတွေ့ရ တတ်ပါတယ်။ . ဒီပြဿနာတွေကို ကျော်လွှားနိုင်ဖို့အတွက်ဆိုရင် လူနာတွေ၊ လူနာရှင်တွေအနေနဲ့ ဆေးတွေကို စနစ်တကျ သုံးစွဲဖို့လိုအပ်ပါတယ်။ အဲဒီအတွက် ဆရာဝန်တွေ၊ ဆေးဝါးပညာရှင်တွေထံကနေ လမ်းညွှန်မှုတွေကို ရယူနိုင်သလို မိမိတို့ကိုယ်တိုင် နားလည်ထားသင့်တဲ့ အခြေအနေတွေလည်း ရှိပါတယ်။ မိမိရဲ့ရောဂါ သက်သာစေဖို့ အသုံးပြုနေတဲ့ ဆေးဟာ မိမိအတွက် ကောင်းမွန်သင့်တော်တဲ့ဆေး ဖြစ်သင့်သလို …

Continue reading »

Sep
23

ဆေးတွေပေးလာသည့် အန္တရာယ်

”တစ်နှစ်မှာ လူ၁.၅ သန်းဟာ ဆေးဝါးတွေကို မှားယွင်းသုံးစွဲမှုကြောင့် နေမကောင်းဖြစ်တာ၊ ကျန်းမာရေးကို ဆိုးဆိုးဝါးဝါး ထိခိုက်ပျက်စီးတာမျိုးတွေဖြစ်နိုင်ပြီး အဲဒီအထဲက လူတစ်သိန်းလောက်ကတော့ အသက်အန္တရာယ်နဲ့ ရင်ဆိုင်ကြုံတွေ့ရပါတယ်” တဲ့။ ဒီပြဿနာတွေကို ဖြေရှင်းဖို့ အကောင်းဆုံးနည်းလမ်းကတော့ ကြိုတင်ကာကွယ်ဖို့ပါ။ ကျွမ်းကျင်တဲ့ဆေးဝါး ပညာရှင်တွေကတော့ ဆေးဝါးတွေကြောင့် အန္တရာယ်ဖြစ်ရတဲ့ အကြောင်းအရင်း ၁ဝ ချက်ရှိ တယ်လို့ဆိုပါတယ်။ သူတို့ကြောင့် လူနာတွေအသက်သေဆုံးခဲ့ရသလို ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတွေ ပျက်စီးရတာကြောင့် ကြိုတင်ရှောင်ရှားနိုင်စေဖို့ သိသင့်သိထိုက်တဲ့အချက်တွေကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။ * (၁) အသံထွက်ဆင်တူသောဆေး ၂ မျိုး ရောထွေးသွားခြင်း။ ဆေးပေးတဲ့နေရာတိုင်းမှာ ဒီပြဿနာကို ကြုံတွေ့ရတတ်ပါတယ်။ ဆရာဝန်ရဲ့လက်ရေးကို အလွယ်တကူမဖတ် နိုင်တာ၊ ဆေးကောင်တာရှိ ကွန်ပျူတာအတွင်းသို့စာရင်းသွင်းရာတွင် မှားပြီးသွင်းမိတာတို့ကြောင့်ဖြစ်နိုင်သလို စင်ပေါ် ကနေ ချထားတဲ့ဆေးတွေထဲက မှားပြီးဆွဲယူမိတာမျိုးကြောင့်လည်း ဖြစ်နိုင်ပါတယ်။ …

Continue reading »

Aug
18

ဆေးတွေကိုဘယ်နေရာမှာ သိမ်းမလဲ

အိမ်ရဲ့ဘယ်နေရာတွေမှာ ဆေးတွေသိမ်းမလဲ။ ဆေးဗီရို၊ အဝတ်ဗီရို၊ အိပ်ခန်း၊ မီးဖိုချောင်၊ ဧည့်ခန်း၊ ထမင်းစားခန်း၊ စသည်ဖြင့်ပေါ့လေ။ ထားမယ်ဆိုရင်တော့ နေရာတိုင်းမှာ ထားလို့ရပါတယ်။ ဒါပေမယ့် မိဘ၊ ဘိုးဘွား၊ ဒါမှမဟုတ်ရင်လည်း အိမ်ရဲ့ အကြီးအကဲတစ်ယောက်အနေနဲ့တော့ ဆေးတွေကို ပေါ့တီးပေါ့ဆ မထားသင့်ပါဘူး။ မိမိဆေးသိမ်းလိုက်တဲ့နေရာဟာ လိုအပ်တဲ့အချိန်မှာ အလွယ်တကူထုတ်ယူဖို့လွယ်တဲ့ နေရာမျိုးဖြစ်ဖို့လိုသလို လုံခြုံစိတ်ချ ရတဲ့နေရာမျိုးလည်း ဖြစ်ဖို့လိုပါတယ်။ အထူးသဖြင့် ကလေးငယ်တွေ၊ ဆယ်ကျော်သက်တွေ၊ မိသားစုဝင်မဟုတ်တဲ့ သူစိမ်းတွေ အလွယ်တကူမယူနိုင်တဲ့နေရာမျိုးသာ ဖြစ်သင့်ပါတယ်။ ဒီလိုမျိုးဂရုတစိုက်သိမ်းဆည်းထားလိုက်ရင် ဆေးဝါးတွေကြောင့် ရုတ်တရက်အန္တရာယ်ဖြစ်တာကိုကာကွယ်ပေးနိုင်သလို ဆေးဝါးတွေကို အလွဲသုံးစားမလုပ်ဖြစ်အောင် ဟန့်တားလိုက်တာ နဲ့တူပါတယ်။ . ဆေးဝါးတွေကို စနစ်တကျနဲ့ သပ်သပ်ရပ်ရပ်ဖြစ်အောင် သိမ်းဆည်းတော့မယ်ဆိုရင် ပထမဆုံး မိမိဆီမှာရှိနေတဲ့ ဆေးတွေကို စာရင်းပြုစုပြီး လက်ရှိအသုံးပြုနေတဲ့ဆေးတွေကို သီးခြားခွဲထုတ်သင့်ပါတယ်။ ဒီနေရာမှာ ဆေးဝါးတွေရဲ့ …

Continue reading »

« 1 2 »

Older posts «

This site is protected with Urban Giraffe's plugin 'HTML Purified' and Edward Z. Yang's Powered by HTML Purifier. 4090 items have been purified.

Extension Factory Builder