Category Archive: ၀တ္ထုတို

Apr
10

ပူစီမရဲ့ ရိုးရာသင်္ကြန်

0007

သင်္ကြန်နားနီးပြီ။ ထီရောင်းတဲ့ တွန်းလှည်းတွေကလည်း တူးပို့တူးပို့သီချင်းတွေ ဖွင့်ကြပြီ။ လဘက်ရည်ဆိုင်တွေကလည်း သင်္ကြန်သီချင်းသံတွေမြိုင်လို့။ “ပူစီ….အိမ်ကို မှတ်မိတယ်မလား” အမေက ဖုန်းဆက်ပြီး အငေါ့တူးတော့ ထုံးစံအတိုင်း “ဟုတ်ကဲ့” ပေါ့။ “အေးအေး…ပြန်လာဖို့ လမ်းမမှတ်မိရင်လည်း ပြော။ လာခေါ်မယ်။ ဒီနှစ် ရွာမှာ အလှူရှိတယ်။ ၁၀ ရက်နေ့ရောက်အောင်ပြန်လာခဲ့” သင်တန်းက မပိတ်ဘူးအမေ။ အလုပ်က မပြီးသေးဘူးဆိုပြီး ထပ်ဆင်ခြေပေးလို့မရ။ ထပ်ပြောရင် ထပ်အဆူခံရတော့မယ်။ ပူစီကလည်း ပူစီပဲလေ။ လုပ်ချင်တာသာ လုပ်နေရရင် အကုန်မေ့တဲ့သူ။ အိမ်ပြန်ဖို့ကိုတော့ မေ့လို့တော့မဟုတ်ဘူး။ အားရက်မရှိလို့မပြန်ဖြစ်တာ။ ဖုန်းမဆက်တာကတော့ တကယ့်ကို မေ့နေလို့။ အဲဒါကို သွားပြောလို့ကတော့ ၇ ရက်လောက်တော့ ရေတက်ရေကျ အဆူခံရလောက်တယ်။ ဒီတော့ နောက်ပြဿနာ နောက်ဖြေရှင်း၊ လောလောဆယ် ဟုတ်ကဲ့ ပေါ့။ အမေက …

Continue reading »

Mar
15

ထိုကဲ့သို့သော မေ

0100

မေ သူ့ကို အိပ်မက် မက်သည်။ အိပ်မက်သည် အပြင်မှာ ဖြစ်နေသကဲ့သို့ပင် ရှည်လျား ထွေပြားသည်။ သူ့ကိုစကားပြောဖို့ အတော့ကို အားယူနေရသည်။ မေ့၏ လည်ချောင်းတစ်လျှောက်လုံး ပူနွေးခြောက်ကပ်နေသည်။ အပြင်မှာ မေခေါ်သော နာမည်အတိုင်း သူ့ကို ခေါ်ကြည့်သည်။ မေ အသံတွေ ထွက်မလာခဲ့ပဲ မျက်ရည်များသာ ၀ိုင်းလာခဲ့သည်။ သူက မေ့ကို မြင်လျက်နှင့် ရုတ်တရက် လှည့်ထွက်သွားမလို လုပ်သည်။ မေ …တခုခု မပြောနိုင်ဘဲ ကြည့်နေရုံအတွက်သာ တတ်နိုင်သည်။ သူ၏ ရုပ်ရည်သွင်ပြင်သည် ယခင်ကအတိုင်း မပြောင်းလဲသေးဘူးဟု ထင်မိသည်။ နွယ်သော ဆံပင်တို့သည် ယခင်အတိုင်း ထူထပ် သိပ်သည်းဆဲ ဖြစ်သည်။ မှောင်သော မျက်ခုံးတို့၏အောက်ဆီက မျက်လုံးများကတော့ ညို့မှိုင်းနေသယောင် ထင်ရသည်။ သူ၏ လှုပ်ရှားလိုက်သော ပုံသဏ္ဍန်တို့ကမူ …

Continue reading »

Mar
13

တေးသီငှက်ရဲ့ လွမ်းမျက်ရည်

hg

(က) ပြတင်းပေါက် လိုက်ကာစကို လှုပ်ခတ်ပြီး တိုးဝင်လာတဲ့ နွေလေညှင်းဟာ လူတစ်ယောက်ရဲ့ စိတ်ကို ဆွတ်ပျံ့မှု ပေးစေတာက အမှန်။ ဝေ့ဝဲပြီး ကျလာတဲ့ ရော်ရွက်ဝါတွေကလည်း မြေကို မကျရောက်ခင် လေထဲမှာ လူးလွန့်ပြီး ဦးတည်ရာမဲ့ လှုပ်ရှားလို့နေတယ်။ နွေတေးရှင်လို့ အမည်ရတဲ့ ဥဩငှက်ကလည်း ဆွေးဆွေးမြေ့မြေ့ကို သီဆိုနေတယ်။ ဒီလိုအချိန်မျိုးမှာ ဆေးရုံပြတင်းကနေ ဝင်လာတဲ့ နွေဦးလေဟာ လူကို ဆွတ်ပျံ့စေတာ အမှန်။ ပတ်ဝန်းကျင်ဆီမှ ပိတောက်ရနံ့တွေ၊ ပိတောက် အငွေ့အသက်တွေ၊ ပိတောက် တေးသီချင်းတွေ လွင့်ပျံနေပြီ။ ရွက်ဝြါွေကမြေလူး နွေဦးကို လွန်မြောက်ပြီး မြန်မာတို့ အလေးအမြတ်ထားရာ နှစ်သစ်ကူးကိုတောင် ရောက်တော့မယ်။ တနှစ်ကူးပြန်ပြီပေါ့ဆိုတဲ့ အတွေး ဝင်လာတဲ့အချိန်မှာ ဂျူတီချိန်လဲပြီးခါစ ပင်ပန်းနွမ်းနယ်နေတဲ့ စိတ်ဟာ ပိုပြီး လှိုက်မောသွားမိတယ်။ ရာသီတွေသာ …

Continue reading »

« 1 2 3 4 5 6 7 8 9 10 11 12 13 »

Older posts «

This site is protected with Urban Giraffe's plugin 'HTML Purified' and Edward Z. Yang's Powered by HTML Purifier. 4090 items have been purified.

Extension Factory Builder