တစ်ခါတုန်းက တောအုပ်ကြီး တစ်အုပ်ထဲမှာ ဖားအုပ်စုကြီး တစ်စုရှိတယ်တဲ့။ ဖားကောင်ရေ ၁၀၀ လောက်တောင် ရှိတယ်ဆိုပဲ။ အဲဒီဖားအုပ်စုကြီးကို အုပ်ချုပ်တဲ့ ဖားဘုရင်ကြီးနာမည်က အူဝါတဲ့။ ဘုရင်ကြီး အူဝါပေါ့။ သူ့မှာ တီးမင်လို့ ခေါ်တဲ့ ဖားပညာရှိကြီး တစ်ယောက်ရှိတယ်တဲ့။ သူတို့နေတဲ့ မြေအောက်နန်းတော်တွေထဲမှာ ဖားလေးတွေကို ပြုစုပျိုးထောင်ပေးတယ်။ သားကောင်တွေကို ဘယ်လိုဖမ်းရတယ်ဆိုတာကိုပါ သင်ပေးတာပေါ့။ သူတို့နန်းတော်ရဲ့ မနီးမဝေးမှာ ရေကန်ကြီး တစ်ကန်ရှိပြီး မိုးဥကျခါစရောက်ရင် ဖားဘုရင်ရဲ့ မိဖုရားအပြင် ဖားမတွေဟာ ဥတွေ ဥချဖို့ သွားတာပေါ့။ အဲဒီအချိန်ကျရင် တခြားဖားတွေက အဆောင်တွေကို ဆောက်ရတယ်တဲ့။ ဒီလိုနေလာကြရင်းနဲ့ တခုသော နွေဦးကို ရောက်တဲ့အချိန်မှာ ဘုရင်ကြီး အူဝါကို တီးမင်က လျှောက်တင်တယ်။ “မင်းကြီး၊ အခုနှစ်မှာ ရာသီဥတုဖောက်ပြန်ဖို့ အခွင့်အလမ်းတွေများနေတယ်။ …
Tag Archive: ကဝေ
Apr
29
Apr
28
တာနောယက္ခ
တခါတုန်းက ရသေ့တစ်ပါးသီတင်းသုံးနေတဲ့ ကျောင်းသင်္ခမ်းနားက တောအုပ်ထဲမှာ တာနောယက္ခ ဘီလူးကြီးရှိတယ်တဲ့။ အဲဒီဘီလူးကြီးဟာ ရှင်ရသေ့ အနားမှာနေပြီး တရားနာယူပေမယ့် အကျွတ်တရား မရဘူး။ သူက တအားကို အစားကျူးတာဆိုတော့ သက်ရှိတွေကိုပဲ စားသောက် ချင်နေတာတဲ့။ တနေ့တော့ ခရီးသွားတစုက အဲဒီဘီလူးရှိတဲ့ တောအုပ်ကို ဖြတ်ပြီးတော့ သွားသတဲ့။ အဲဒီအထဲမှာ အလွန်တရာချောမောလှပပြီး ရွှေအဆင်းလို ၀င်းဝါတဲ့အသားအရေရှိတဲ့၊ မြင်သူတကာ ငေးယူရလောက်တဲ့ ကာသိတိုင်းသူတစ်ဦးလည်းပါတယ်တဲ့။ သူတို့ လူစုဟာ ဘီလူးရုပ်ဆိုးဆိုးကို မြင်တဲ့အခါမှာ လန့်ပြီးတော့ ထွက်ပြေးကြတာပေါ့။ ကာသိတိုင်းသူမိန်းမချောလည်း လန့်ပြီးတော့ ပြေးပေမယ့် မလွတ်ဘူးတဲ့။ တာနောယက္ခဘီလူးရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရတယ်။ အခါတိုင်းတော့ ဘီလူးက လူတွေကိုဖမ်းမိရင် သူ့ရဲ့ကျောက်ဂူကြီးထဲမှာ ပိတ်လှောင်ထားပြီးတော့ အစာငတ်ရေငတ်ထားတယ်။ ပြီးတော့မှ သူစားချင်တဲ့အခါမျိုးမှာ အလွယ်တကူ စားသောက်တာပေါ့။ …
Apr
22
ခေတ်သစ်သုယောနန္ဒီ
ဟိုးရှေးရှေးတုန်းက ဗာရာဏသီပြည်မှာ တမ္ဗဆိုတဲ့ ဘုရင်တစ်ပါးရှိသတဲ့။ အဲဒီဘုရင်မှာ အရမ်းချော၊ အရမ်းလှတဲ့ မိဖုရားတစ်ပါးရှိတယ်။ နာမည်က သုယောနန္ဒီတဲ့။ မိဖုရားလေးက ငယ်ငယ်ချောချောလေးဆိုတော့ ဘုရင်က တအားကို ချစ်မြတ်နိုးတာပေါ့။ အဲဒီ ဘုရင်က သူ့မိဖုရားကို ချစ်မြတ်နိုးသလို နောက်ထပ် သူအလေးထားတဲ့အရာလည်း ရှိသေးသတဲ့။ အဲဒါကတော့ ကြွေအံကစားတာပဲ။ ဘုရင်ဟာ တခြား သေရည်၊ သေရက်၊ မောင်းမခြွေရံတွေထက် ကြွေကစားရတာကို ပိုနှစ်သက်သတဲ့။ ကဝေစိတ်အထင်ပြောရရင် အခုနောက်ပိုင်း လူငယ်တွေ ဂိမ်းစွဲကြသလို ဘုရင်ကြီးက ကြွေကစားတာကိုပဲ စွဲနေတာဖြစ်မှာပေါ့။ အဲဒီဘုရင်ကြီးဆီကို ကြွေအံကစားဖို့ လာတဲ့အထဲမှာ ဂဠုန်မင်းလည်းပါတယ်တဲ့။ ဂဠုန်မင်းကလည်း ကြွေကစားရတာ ၀ါသနာပါတော့ သူဟာ နေ့တိုင်း၊ နေ့တိုင်း ဘုရင်ကြီးဆီကို လာတာပေါ့။ အဲဒီဂဠုန်မင်းနေတဲ့နေရာက လူသူအရောက်အပေါက်နည်းတဲ့ နာဂဒီပကျွန်းကတဲ့။ သူဟာ လူ့ပြည့်ကို …



Recent Comments