(က) ပြတင်းပေါက် လိုက်ကာစကို လှုပ်ခတ်ပြီး တိုးဝင်လာတဲ့ နွေလေညှင်းဟာ လူတစ်ယောက်ရဲ့ စိတ်ကို ဆွတ်ပျံ့မှု ပေးစေတာက အမှန်။ ဝေ့ဝဲပြီး ကျလာတဲ့ ရော်ရွက်ဝါတွေကလည်း မြေကို မကျရောက်ခင် လေထဲမှာ လူးလွန့်ပြီး ဦးတည်ရာမဲ့ လှုပ်ရှားလို့နေတယ်။ နွေတေးရှင်လို့ အမည်ရတဲ့ ဥဩငှက်ကလည်း ဆွေးဆွေးမြေ့မြေ့ကို သီဆိုနေတယ်။ ဒီလိုအချိန်မျိုးမှာ ဆေးရုံပြတင်းကနေ ဝင်လာတဲ့ နွေဦးလေဟာ လူကို ဆွတ်ပျံ့စေတာ အမှန်။ ပတ်ဝန်းကျင်ဆီမှ ပိတောက်ရနံ့တွေ၊ ပိတောက် အငွေ့အသက်တွေ၊ ပိတောက် တေးသီချင်းတွေ လွင့်ပျံနေပြီ။ ရွက်ဝြါွေကမြေလူး နွေဦးကို လွန်မြောက်ပြီး မြန်မာတို့ အလေးအမြတ်ထားရာ နှစ်သစ်ကူးကိုတောင် ရောက်တော့မယ်။ တနှစ်ကူးပြန်ပြီပေါ့ဆိုတဲ့ အတွေး ဝင်လာတဲ့အချိန်မှာ ဂျူတီချိန်လဲပြီးခါစ ပင်ပန်းနွမ်းနယ်နေတဲ့ စိတ်ဟာ ပိုပြီး လှိုက်မောသွားမိတယ်။ ရာသီတွေသာ …
Tag Archive: ARG
Jun
10
ဆီးချိုရောဂါကို အံတုမည့် ချစ်ခြင်း မေတ္တာ
ကိုလှဌေး နဲ့ မမြင့်ဦးတို့ရဲ့ အိမ်ထောင်သက်က အခုဆို ၄ နှစ်ကျော်လာပြီ။ အိမ်ထောင်မပြုခင်ကတည်းက ကိုလှဌေးမှာ ဆီးချိုရောဂါရှိပြီးသားပါ။ အကြောင်းမတိုက်ဆိုင်တာရယ်၊ ပေါ့တီးပေါ့ဆနေတတ်တဲ့အကျင့်ရယ်ကြောင့် ရောဂါရှိမှန်းကို မေ့လျော့နေခဲ့တယ်။ လွန်ခဲ့တဲ့တစ်လလောက်က ကိုလှဌေးဆီမှာ ယားနာတွေ ပေါက်လာတယ်။ ဟိုဆေးနဲ့သက်သာနိုး၊ ဒီဆေးနဲ့ ပျောက်နိုးနဲ့ စောင့်ကြည့်ရင်း အခြေအနေ တိုးတက်မှုမရှိလို့ ဆေးခန်းပြ၊ သွေးစစ်ကြည့်မှ သူ့ဆီမှာရှိနေတဲ့ ဆီးချိုရောဂါကြောင့်ဖြစ်ရတာကို သိခဲ့ရတယ်။ ဆီးချိုရှိမှန်း အခုမှသိရတဲ့ မမြင့်ဦးက စိတ်မကောင်း ဖြစ်ခဲ့ရပေမယ့် ကိုလှဌေးရဲ့ သွေးတွင်းသကြားဓါတ်ကို ပုံမှန် အတိုင်းထိန်းထား နိုင်ဖို့ တတ်နိုင်သလောက် ကြိုးစားပေးခဲ့တယ်။ ကျန်းမာရေးစာစောင် တွေထဲမှာ ဆီးချိုရောဂါနဲ့ ပတ်သတ်တဲ့ ဗဟုသုတတွေကိုရှာ၊ တတ်သိတဲ့လူတွေနဲ့ တိုင်ပင်ဆွေးနွေးပြီး ဘာတွေကို ရှောင်ကြဉ်ရမယ်၊ ဘာတွေကို လိုက်နာရမယ် ဆိုတာကို သိအောင်ကြိုးစားခဲ့တယ်။ အစားအသောက် …
Jun
02
သူ၊ သူမနှင့် မတူညီသော ကျန်းမာရေး
အိပ်ရာကနိုးလို့ မျက်လုံးဖွင့်မကြည့်ရသေးခင်ကတည်းက သူမရဲ့ခန္ဓာကိုယ်မှာ တစ်ခုခုပြောင်းလဲနေပြီလို့ Rosette ထင်လိုက်ပါတယ်။ မနက်ပိုင်း ထလာချိန်မှာလည်း ရင်ဘက်ထဲမှာ ပူနေပြီး အစာမကြေချင်သလို၊ ပျို့အန်ချင်သလိုမျိုး ဖြစ်နေတယ်။ အလုပ်ခွင်ထဲကိုရောက်တော့ ထိုးအန် လိုက်ပြီး ဘယ်လိုမှနေလို့မရအောင် အခြေအနေဆိုးလာလို့ ဆေးရုံကို အမြန် ခေါ်လာခဲ့ရတယ်။ ရောဂါအခြေအနေမှန်ကို သိရဖို့ ဆေးရုံဝန်ထမ်း တွေဟာ ချွေးတဒီးဒီးကျတဲ့အထိ စမ်းသပ်မှုတွေ ပြုလုပ်ရတယ်။ ဒါပေမယ့် အချိန်အတော်ကြာတဲ့အထိ ဘာဖြစ်တာလဲ ဆိုတာကို တိတိကျကျ မသိရဘူး။ ဆေးရုံရောက်ပြီး (၇)နာရီလောက်ကြာတော့မှ တကယ့်တရားခံကိုရှာတွေ့တော့တယ်။ Rosette ကို အန္တရာယ်ပေးနေတာက ဘယ်သူမှထင်မှတ် မထားတဲ့ ”နှလုံးရောဂါ”။ (၁) အမျိုးသမီးတွေမှာ ရောဂါရှာဖွေရတာ ဘာလို့ခက်ခဲရတာလဲ။ ဒီလိုအဖြစ်မျိုးဟာ သမရိုးကျဖြစ်စဉ်တစ်ခုမဟုတ်သလို ထူးဆန်းတဲ့ပြဿနာတစ်ရပ်လို့လည်း သတ်မှတ်လို့မရပါဘူး။ နှလုံးရောဂါရဲ့လက္ခဏာတွေက တစ်ယောက်နဲ့တစ်ယောက် မတူပါဘူး။ …


Recent Comments