Tag Archive: FM

Aug
21

ကျိုးလွယ်၊ ကြေလွယ်သူများ

ကျွန်မတို့ငယ်ငယ်တုန်းက အဘွားနဲ့အတူတူအိပ်လေ့ရှိပါတယ်။ အဘွားရဲ့ နို့ပိန်ပိန်လေးကိုစို့ရင်း၊ အဘွားပြောပြ တဲ့ ငါးရာ့ငါးဆယ် ဇာတ်နိပါတ်တော်တွေကိုနားထောင်ရင်းနဲ့ ဒူးနာလိုက်တာမြေးရယ် ဆိုတဲ့စကားကို အိပ်ရာဝင်ပုံပြင် တစ်ပုဒ်လို ယဉ်ပါးခဲ့တယ်။ ဆေးမသောက်ဘူးလား အဘွား လို့မေးရင် သောက်လည်း ပျောက်ပါဘူးကွယ်၊ အဘွားက ကျလူကိုး ဆိုတာကိုပဲ အဘွားက ပြန်ပြန်ပြောတတ်တယ်။ နောက်နေ့အမေ့ကို ”အမေ၊ အဘွားက ဘာလို့ ခြေထောက်တွေနာတယ်လို့ငြီးနေတာလဲ၊ ဘာဖြစ်လို့လဲလို့ ” မေးရင် ”သွေးဆုံးလို့ဖြစ်တာပေါ့” လို့ အမေက လွယ်လွယ် ကူကူနဲ့ပဲ ပြန်ပြောတတ်တယ်။ ၅ နှစ်သမီး ကျွန်မဟာ သွေးဆုံးတယ်ဆိုတဲ့ ဝေါဟာရကို နားမလည်ဘူး။ အဲဒီနောက်ပိုင်း ကျွန်မရဲ့အဘွားလေးတို့ကလည်း အဲဒီလိုငြီးကျတော့ စိတ်ထဲမှာ သူတို့ရဲ့ကိုယ်ထဲမှာ သွေးတွေ နည်းသွားလို့ ဖြစ်ရတာလို့ပဲ ကျွန်မနားလည်ထားလိုက်တယ်။ . တက္ကသိုလ်တက်တော့လည်း ကျွန်မတို့အဓိကထားပြီးသင်ရတာက …

Continue reading »

This site is protected with Urban Giraffe's plugin 'HTML Purified' and Edward Z. Yang's Powered by HTML Purifier. 4090 items have been purified.

Extension Factory Builder