ကျွန်မ ၅ တန်းတက်လို့ နှစ်ဝက်မကျိုးခင်မှာပဲ ဖေဖေဟာ ဧရာဝတီတိုင်းအတွင်းက နယ်မြို့လေးတစ်မြို့ကို ပြောင်းရွှေ့ဖို့ အကြောင်းဖန်လာပါတယ်။ အစောပိုင်းကတော့ ကျွန်မနဲ့မေမေကို ထားခဲ့ပြီး ဖေဖေက အရင်သွားနှင့်မယ်၊ နောက်မှ ကျွန်မတို့ကလိုက်သွားမယ်ပေါ့။ ဒါပေမယ့် မေမေကို ကူညီပေးမယ့်သူမရှိတာရယ်၊ ဖေဖေတစ် ယောက်တည်း နေရေး၊ စားရေးအဆင်မပြောမှာရယ်ကို စိုးရိမ်ပြီး ကျွန်မတို့ပါ တခါတည်း လိုက်ခဲ့လိုက်ပါတယ်။ ငယ်ငယ်လေးတည်းက တွဲလာတဲ့သူငယ်ချင်းတွေကိုခွဲသွားရမှာဆိုတော့ ကျွန်မလေ ဝမ်းနည်းနေမိတယ်။ ကျွန်မမှတ်မိ နေသေးတယ်။ ကျွန်မတို့ကျောင်းမှာ ကျောင်းပြောင်းခွင့်သွားယူတဲ့နေ့ကဆို သူငယ်ချင်းတွေက ဝမ်းနည်းနေပြီး စကားတောင် ကောင်းကောင်း မပြောနိုင်ကြဘူး။ ~ ဒီလိုနဲ့ မိုးတွေသည်းကြီးမည်းကြီးရွာတဲ့တနေ့မှာ ဖေဖေအလုပ်တာဝန်ကျရာမြို့လေးကို ကျွန်မတို့တွေပြောင်းရွှေ့ ခဲ့ပါတယ်။ ရန်ကုန်-ပုသိမ်ကားလမ်းမကြီးကနေ ခွဲဆင်းလာတဲ့လမ်းမအတိုင်း အတော်ကြာကြာသွားမိတဲ့အခါမှာတော့ ကျွန်မတို့နေထိုင်ရမယ့် မြို့လေးကို ရောက်ပါတယ်။ ဒီမြို့လေးကို ရောက်ရောက်ခြင်းမှာ …
Tag Archive: Happy Times
Nov
30

Recent Comments