Tag Archive: HFA

Dec
19

Calcium

လူသိနည်းသော သူတို့အကြောင်းများ (၄) Calcium   ကယ်လ်စီယမ်ဆိုတာ…။ “ခန္ဓာကိုယ်အလေးချိန်ရဲ့ ၁.၅ ရာခိုင်နှုန်းဟာ ကယ်လ်စီယမ်တွေဖြစ်ပြီး အဲဒီအထဲက ၉၉ ရာခိုင်နှုန်း ကိုတော့ အရိုးနဲ့ သွားတွေမှာ သုံးကြပါတယ်၊ ကျန်တာတွေ ကိုတော့ တခြား အင်္ဂါအစိတ်အပိုင်းတွေမှာ တခြားအလုပ်တွေလုပ်ဖို့ သုံးစွဲကြပါတယ်” လို့ ပညာရှင်တွေက ဆိုထားကြပါတယ်။ ဒါကြောင့် ကျွန်မတို့ ခန္ဓာကိုယ် အတွက် အလိုအပ်ဆုံးသတ္တု ဓါတ်တွေထဲမှာ ကယ်လ်စီယမ်လည်း တခုအပါအဝင်အဖြစ် ထည့်သွင်းထားခြင်းဖြစ်ပါတယ်။ ကယ်လ်စီယမ်ဟာ ဘယ် နေရာအတွက် အရေးပါတယ် ဆိုတာကို မသိခင်အချိန်တည်းက လူတွေဟာ ကယ်လ်စီယမ်ြွကယ်ဝတဲ့ အစားအစာ တွေဟာ လူတွေကို အထောက်အကူပြုတယ်ဆိုတာကို လက်ခံခဲ့ကြပါတယ်။ ဒီလိုအစားအစာတွေဟာ အရိုးကို အထောက်အကူပြုတယ်၊ သူတို့ချို့တဲ့တဲ့ အစားအစာတွေကြောင့် အရိုးနာ ကျင်တာတွေ၊ …

Continue reading »

Nov
22

Zinc

  လူသိနည်းသော သူတို့အကြောင်းများ (၃) Zinc   ဇင့်ဆိုတာ…။ ကျွန်မတို့ ပုံမှန်စားသောက်နေတဲ့အစားအစာတွေထဲမှာ ဇင့်ပါတယ်၊ မပါဘူးဆိုတာကို ဂရုတစိုက်ရှိတဲ့သူဟာ နည်းပါတယ်။ အသားတွေကို စားကြတယ်။ အရွက်တွေကို စားကြပါတယ်။ အဲဒီအထဲမှာ ဇင့်ပါသလား၊ မပါဘူးလား၊ သူက ဘယ်လို အလုပ်တွေကို လုပ်ပေးတာလဲဆိုတာကို တိတိကျကျ သိတဲ့သူဟာ တကယ့်ကို နည်းပါတယ်။ တကယ်တော့ ဇင့်ဟာ တခြား ဗီတာမင်တွေ၊ သတ္တုဓါတ်တွေလိုပဲ လူတစ်ယောက်အတွက် မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓါတ်တမျိုးဖြစ်ပြီး တချို့အစားအစာတွေမှာ သဘာဝအတိုင်း ပါရှိတတ်ပါတယ်။ ကျန်းမာရွှင်လန်းတဲ့ ခန္ဓာကိုယ်ရပ်တည်မှုအတွက် ထောက်ပံ့ ပေးနေတဲ့ အဓိက အဖွဲ့အစည်းထဲမှာ ဇင့်ဟာလည်း တစ်ခုအပါအဝင်ပါပဲ။ ဇင့်ဟာ ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်ပျက်မှုတွေ ပုံမှန်လည်ပတ်ဖို့ အလုပ်လုပ်ပေးနေတဲ့ ချေဖျက် အင်ဇိုင်း ၁၀ဝ …

Continue reading »

Oct
06

ဝမ်းကိုက်ရောဂါ ပျောက်ဆေးများ

ဆေးဝါးများ၏ ဒိုင်ယာရီ (၁၃) ဝမ်းကိုက်ရောဂါ ပျောက်ဆေးများ   ကျွန်တော်တို့နှင့် ပတ်သက်ပြီး သုံးစွဲသူ လူတန်းစားအနေဖြင့် ၂ မျိုးဖြစ်နိုင်သည်ဟု ထင်နေမိသည်။ ကျွန်တော်တို့၏ အရည်အသွေးကိုသိရှိပြီးမှ လက်ခံ သုံးစွဲသူ နှင့် သမရိုးကျ သုံးစွဲသူများဟု ကျွန်တော်က အတန်းအစား ခွဲထားလိုက်ချင်သည်။ ကျွန်တော်တို့သည် ဆေးလောကအလယ်တွင်လေးစားသမှုကို ခံယူပြီး ရပ်တည် လိုကြသည်။ ကျွန်တော်တို့ကြောင့် ချွတ်ချော်တိမ်းပါးဖြစ်ပေါ်လာမည်ကို အချိန်နှင့်အမျှ ကြောက်ရွှံ့ထိတ်လန့်နေရသည်။ ကျွန်တော်တို့ ကြောင့် အမှားအယွင်းများ ဖြစ်ခဲသည်ဆိုသော်လည်း ဖြစ်နိုင်လျှင် အန္တရာယ်အကင်းဆုံး ဖြစ်ချင်သောဆန္ဒသည် ကျွန်တော်တို့ အားလုံးတွင်ရှိသည်ကိုတော့ ကျွန်တော် Metronidazole က ခိုင်မာစွာပြောဆိုနိုင်သည်။ ဟုတ်ပါသည်။ ကျွန်တော်သည် ဝမ်းကိုက်ရောဂါကို ထိရောက်စွာကုသပေးသော ဆေးအုပ်စုထဲမှာ တစ်မျိုး ဖြစ်သည်။ ကျွန်တော်တို့၏ တိကျသော အကြောင်းအရာ …

Continue reading »

« 1 2 3 4 5 6 7 8 9 »

Older posts «

This site is protected with Urban Giraffe's plugin 'HTML Purified' and Edward Z. Yang's Powered by HTML Purifier. 4090 items have been purified.

Extension Factory Builder