နတ်တော်လပြည့်ည၏ ရွှန်းမြထည်ဝါသော လရိပ်အောက်တွင် ကလေးငယ်များ၏ ညောင်ပင်တစ္ဆေဆော့ကစားသံဟာ ပျဉ်းမကုန်း တစ်ရွာလုံးကို ဖုံးလွှမ်းထားပါတယ်။ ဧရာဝတီမြစ်ရဲ့ မြစ်လက်တက်အခွဲလေးတစ်ခုဖြစ်တဲ့ သဲခုံမြစ်ကမ်းဘေးမှာ တည်ရှိတဲ့ ဒီရွာလေးမှာနေထိုင်ကြတဲ့ ရွာသူရွာသားတွေဟာ လယ်ယာအလုပ်တွေနဲ့ အသက်မွေးဝမ်းကျောင်းပြုကြတဲ့သူတွေ များပါတယ်။ မြစ်ဝကျွန်းပေါ်ဒေသပေမို့ ရေရှားပါးမှုဒါဏ်ကို မခံရပေမယ့် မြစ်ရေကြီးရင်တော့ စိုက်ပျိုးထားသမျှက ပလုံစွပ်ပဲ။ ဒီနှစ်တော့ မိုးလေဝသက မနှိပ်စက်တော့ အိမ်တိုင်းလိုလိုဟာ ဝမ်းစာစပါးကို စပါးကျီထဲကို ထည့်ပြီးနေကြပြီ။ . ”ဒီနှစ် မတ်ပဲတွေကတော့ တော်တော်ကောင်းတယ်….မိသောင်းစိန်ရေ” ”ဟုတ်ပတော်…..ကျုပ်တို့ သက်တမ်းတစ်လျှောက်မှာ ဒီနှစ် အကောင်းဆုံးပဲ” ”အေး ….မတ်ပဲကြားထဲ ထည့်ပက်ထားတဲ့ ဘိုကိတ်ပဲတွေကလည်း မဲလို့၊ ခဲလို့ဟေ့။ ပြီးတော့ ဒီနှစ် ပဲဈေးကလည်း တော်တော်မြောက်မယ်ဆိုပဲ” . လယ်ပိုင်ရှင်ကြီး ဦးထွန်းရှိန်တို့ လင်မယားကတော့ အိမ်ရှေ့မရမ်းပင်အောက်က ကွက်ပျစ်မှာ ထိုင်ပြီး …
Tag Archive: SAT
Oct
27

Recent Comments